ရခိုင်အလံ အဓိပ္ပါယ်ဖွင့်ဆိုချက်
အရောင်
အပေါ်ပိုင်းအဖြူရောင်သည် ရခိုင်အမျိုးသားတို့၏ ဖြူစင်သောစိတ်ဓါတ်ရှိခြင်း၊ အမျိုးသီ လနှင့်ဌာန ကို စောင့်ထိန်းခြင်း၊ ဖြူစင်ဖြောင့်မတ်သော စိတ်ရှိခြင်း နှင့်ဖြူစင် တည်ကြည် စောင့် ထိန်းအပ်သော ကိုယ်ကျင့်တရားရှိခြင်း တို့ကိုဖော်ဆောင် သည်။အနီရောင်၏သဘောမှာ ရဲရင့် တည်ကြည်သောသတ္တိနှင့် ခိုင်ခံ့တည်ကြည်သော ဇာတိသွေး၊ဇာတိမာန်ရှိခြင်းတို့ကို အဓိပ္ပါယ် ဆောင်သည်။

သီရိ၀စ ၦ
သီရိ၀စ ၦမွာ ဝေသာလီစန္ဒြားမင်းတို့၏ဒင်္ဂါးတွင် ခေတ်နှိပ်သုံးစွဲသောပုံဖြစ်သည်။ ဤတံဆိပ်ကို ဒင်္ဂါးတွင်သာမက ရာဇပလ္လင် မုတ်တံကဲများ၊ ဘုရားတန်းဆောင်မုတ် တံကဲများ၊ တံခါးမုတ်စီ များတို့တွင် အမြဲသုံးစွဲခဲ့ကြသည်။ သီရိဝစ္ဆမှာ ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသည် ဟုအဓိပ္ပါယ်ရသည်။ ယင်းအထဲတွင်သင်္ကေတ များစွာပါရှိသည်။
နေနှင့်လ
နေနှင့်လတို့မှာ ပထမဆုံး ရခိုင် ဟူသောအမည်ကိုခံယူခြင်းမှစ၍ အုပ်ချုပ်ခဲ့သော မင်းတို့သည် နေလ အမည်ရှိသော ဘွဲ့ထူးဂုဏ်ထူးအမည်များကို ခံယူခဲ့ကြသည်။ သူရိယမင်းဆက်၊ စန္ဒြားမင်း ဆက်ဟူ၍ အုပ်ချုပ်ခဲ့ကြသည်။ နေလတို့သည် ကမ္ဘာ၏ တန်ဆာများ ဖြစ်ကြသည့် အလျှောက် အအေးနှင့်အပူ၊ အလင်းနှင့်အမှောင်၊ အကျိုးနှင့်အပြစ်တို့ကို ထင်ရှားစေနိုင်သော သတ္တိရှိကြ သည်။နေမင်းနှင့် တူသော အကျင့်၊ လမင်းနှင့်တူသော အကျင့်တို့ရှိကြသည်။ ယင်းနည်းအတူ မင်းနှင့် တကွ ပြည်သူတို့သည် သစ္စာတရား တည်ကြည်ကြရမည်။ယဉ်ကျေးမှုအနုပညာ၊စီးပွားရေးအခြေအနေနှင့် အမျိုးသား လက္ခဏာ များကိုဖော်ညွှန်းထားပါသည်။နေသည်ကမ္ဘာ မြေပြင်ပေါ်ရှိလူသတ္တ၀ါတို့ကို အလင်းရောင်ပေးသည်၊ လသည်အေးမြကြည် လင်သော သာယာမှုတို့က ဒေသဌာနမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး မျှတသောအရောင် ကိုပေးတတ်သည်။ လူသားသတ္တ၀ါတို့အပေါ်တွင် အေးမြကြည်လင်သော သစ္စာ တရားရှိသည်ကို ဖော်ညွှန်း ထား ခြင်းဖြစ်သည်။
လက်ဝဲရစ်ခရုသင်းနှင့်လက်က်ျာရစ်ခရုသင်း
တိုင်းပြည်ကိုအုပ်ချုပ်သောဘုရင်များ ဘိသိတ်ခံရာ၌ လက်ဝဲနှင့်လက်ကျာရစ် ခရုသင်း တို့ဖြင့် သစ္စာရေစင်ဖြန်းရသည်။ရေစင်ဖြန်းရာတွင် တိုင်းသူပြည်သားအပေါင်းတို့အား သစ္စာ၊ သီလ၊ သမာဓိတရားတို့ဖြင့် တရားသဖြင့် အုပ်ချုပ်အုပ်ထိန်းနိုင်ပါစီ ၊ တိုင်းသူပြည်သားတို့ကလည်း သစ္စာ၊ သီလ၊ ဓမ္မ ရှိကြပါစေဟူသော သရုပ်ကို

ဖော်ဆောင်ပါသည်။
စိန်တောင်
စိန်တောင်သည် အလယ်ဗဟိုတည့်တည့်တွင် မဏ္ဏိုင်မားမားမတ်မတ်ဖြောင့် တန်းစွာ ရပ်တည် ထားသည်။ဖော်ပြခဲ့သော သစ္စာ၊ ဓမ္မတရားတို့သည်မင်းနှင့် တကွ ပြည်သူ တို့အားတည့်တည့် မတ်မတ် အုပ်ချုပ်ခြင်း၊ ခံယူလိုက်နာခြင်း လက္ခဏာကိုဖော်ပြ ထားသည်။
စိန်တောင်အောက်ခံ
စိန်တောင်အောက်ခံမှာလခြမ်းသဏ္ဍာန်ဖြစ်ပြီး စိန်တောင်အား မတိမ်းမစောင်းဖြောင့် မတ် တည်ရှိနိုင်ရန် မယိမ်းမယိုင်စေခြင်းငှာ အောက်ခံပြုလုပ်ထားခြင်းကိုသဘောကို သရုပ်ဆောင် သည်။
ရွေးလုံး(ရ)လုံး (ဗိန္ဒု)
ရခိုင်တို့သည် ကြက္ကိကာနက္ခတ်နှင့်ယှဉ်သည့်လူမျိုးများဖြစ်ကြသည်။ ကြက္ကိကာနက္ခတ် သည် စပါးပင်၊ မြေများ၏ လက္ခဏာကို ဆောင်သည် (တစ်ချို့ကျမ်း၌ ကြယ် ခုနစ်ကောင်ဟုဆိုသည်) ကြက္ကိကာနက္ခတ်ကိုမှီး၍ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း တို့ပြုလုပ်ကြသည်။ ရခိုင်ပြည်သည် ကြက္ကိကာနက္ခတ်နှင့်လျော်ညီစွာ စိုက်ပျိုးရေးကိုအဓိကပြု၍အသက်မွေးဝမ်း ကြောင်းဆောင်ရွက်ရသော တိုင်းပြည်ဖြစ် သည်။ယင်းကြောင့် ရခိုင်ပြည်၏ အသက်သွေးခဲ ဖြစ်သော စီးပွားရေးနှင့် စိုက်ပျိုးရေး လက္ခဏာသဘောကို ဆောင်ထားခြင်းဖြစ်သည်။
ခြူးပန်း

ခြူးပန်းသည် အမြင့်မြတ်ဆုံးသောပန်းတစ်မျိုးတွင် ပါဝင်သည်။ခြူးပန်းမှာ အပင်မှ ပွင့်သော
ပန်းမျိုးမဟုတ်ပေ၊ ခြူးဟုခေါ်သော သတ္တ၀ါတစ်မျိုး၏ ခန္ဒာကိုယ်လက် မှ ပေါက်ရောက်နေ
သော အမွှေးအမျှင်တို့၏ ပုံစံတွင် အခွေခွေအလိပ် လိပ်ဖြစ်
ပေါ်နေခြင်းကို သရုပ်ဖော်၍
ပန်းချီ၊ ပန်းပုဆရာတို့သည် ဘုရား၊ စေတီ၊ အဆောက် အဦး၊ ပလ္လင်၊ မုတ်တံကဲများ၊ထီးဆောင်
နန်းဆောင်စသော အဆောက် အဦးတို့တွင် အပြောက်အပြိန်းများ၊ ပန်းခက၊် ပန်းလိပ်၊ ခြူးပန်း
ဟူ၍ခေါ်သည်။ ခြူး ကောင်တို့သည် လူအပေါင်းတို့၏ ပစ္စည်းဥစ္စာကိုလည်းကောင်း၊အသီးအနှံ
တို့ကိုလည်းကောင်း လုံးဝဖျက်ဆီးခြင်းမရှိ၊ သူတို့၏သွားရာတွင် အမွှေးအမျှင်များ တစ်ခုနှင့်
တစ်ခု ထိခိုက်၍ ဆွဲလွဲမြည်သံကဲ့သို့ တခြွင်ခြွင်မြည်သည်။
မင်္ဂလာရှိသော၊ တေးသံသာသော
အသံကို ရုပ်ဖော်ထားသည်။ ၎င်းတို့သည် ကာမဆန္ဒတရား၌ တစ်သက်လျင်တစ်ကြိမ်သာမှီ
ဝဲခြင်းရှိသည်။သူတစ်ပါး အမျိုး အနွယ်များကိုလည်း ဖျက်ဆီးခြင်းမရှိ၊ အဗြဟ္စရိယာသိက္ခာပုဒ်ကို
စောင့်ထိန်းခြင်း၊ တိုင်းသူပြည်သား တို့သည်လည်း မုဒိန်းတန္တမကျူးလွန်ကြစေရန် သရုပ်ဆောင်
ထား သည်။ ဤသီရိဝိစ္ဆတစ်ခုလုံး၏သဘောတရားမှာသစ္စာဓမ္မရှိခြင်း၊လယ်ယာစိုက်ပျိုးရေး ၌
စပါးသီးနှံပွားများစေခြင်း၊ အလင်းနှင့်အမှောင်၊အကျိုးနှင့်အပြစ်တို့ကို ဆင်ခြင်
စေနိုင်ခြင်း၊
မိမိတို့၏ ရိုးရာဓလေ့ထုံးစံများကိုစောင့်ထိန်းနိုင်ခြင်း၊ ခေတ်နှင့်လျော်ညီ စွာတစည်းတလုံးတည်း
တည်မြဲနိုင်စေခြင်း၊ ထွန်းသစ်ပေါများတိုးတက်စေနိုင်သော သင်္ကေတသဘောများကို သရုပ်
ဆောင်ထားပါသည်။
by Arakan Refugee Relief Committee
by Arakan Refugee Relief Committee

No comments:
Post a Comment